Saturday, September 19, 2009

သူ့အတွက် ကိုယ့်အတွက်

ဗုဒ္ဓဘာသာလောကမှာ မိမိကိုယ်၌က အကျင့်မရှိဘဲ သူများကို ဟောပြောနေသူတွေ အများကြီးတွေ့ခဲ့ဖူးပါတယ်။ အဲလို အပြောခံလိုက်ရတဲ့လူများခင်ဗျာ သူတို့ဘယ်လိုတွေးလိုက်ကြမယ်မသိဘူ။ အခု သည်ပိုစ့်က ဖိုးသူတော်ရဲ့အမြင်နဲ့ နည်းနည်းပါးပါးတွေးစရာ တွေကို စာဖတ်သူတို့ ရရှိအောင်လို့ပါ။
တစ်ခါတုန်းက ရွာတစ်ရွာမှာ ဖိုးသူတော်ကြီး တစ်ဦးရှိခဲ့တယ်။ သူက တရားဓမ္မလည်း အတော်ကျွမ်းကျွမ်းကျင်ကျင် နားလည်ထားတော့ ရွာမှာ ဖိုးသူတော် တရားလည်း ဘုန်းကြီးဟောတဲ့တရားလို ရွာသူ ရွာသားတွေ အလေးဂရုပြုကြရှာတယ်။ ဖိုးသူတော်ဟာ ရွာမှာဆိုရင် အလေးစားခံပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ရှင်သန်နေရင်း တစ်နေ့တော့ တရားလည်ဟောပြီး ရသမျှ ဓမ္မပူဇာကို အိပ်ထောင်ထဲထည့်လို့ ဖိုးသူတော်ဟာ သူသွားထိုင်နေကျ ရေကန်ဘေး ချုံပုတ်မှာ ထိုင်ရင်း မျှားနေကျ ငါးမျှားတံကို အစာတပ် ငြိမ်သက်စွာ ငါးမျှားနေပါတော့တယ့်။ လူသူမရှိ ဘယ်သူမှမရှိဘူးလို့ ထင်ထားတဲ့ အဲသည်နေရာမှာ နွားပျောက်လိုက်ရှာတဲ့ ဖိုးတာဆိုသူက မဆီမဆိုင် ဖိုးသူတော်ငါးမျှားတဲ့နေရာကို ရောက်လာခဲ့တယ်။ ဖိုးသူတော် ငါးမျှားနေတာကို မြင်တော့ ဖိုးတာဟာ ရွာသားတွေကိုခေါ်ပြီး ဖိုးသူတော်ကို ၀ိုင်းဖမ်းကြပါလေရော။ ၀ိုင်းဖမ်းပြီးတော့ ဖိုးသူတော်ကို သူတို့က “သူများကျ သူ့အသက်မသတ်ရလေး ဘာလေး ကြီးကြီးကျယ်ကျယ်တရားဟောပြီး ဦးသူတော်က ဘာလို့ငါးလာမျှားတာလဲ´´လို့ အမျက်မာန်နဲ့ ၀ိုင်းပြောကြပါလေရော။ ဒီတော့ ဖိုးသူတော်က “ဟ.. တရားဟောတယ်ဆိုတာ နင်တို့အတွက် ငါဟောတာ၊ တရားက နင်တို့အတွက် (ရေထဲချထားတဲ့ ငါးမျှားတံကိုလက်ညိုးထိုးပြီးတော့) ဒါက ငါ့အတွက်´´လို့ အေးအေးဆေးဆေးပဲ အဖြေပေးလိုက်ပါတော့တယ်။
ပုံပြင်ကတော့ ဒါပါပဲ။ ဖိုးသူတော် မှန်သလား မှားသလား ဘယ်လိုမြင်ကြမယ်မသိဘူး။

No comments: