Friday, September 4, 2009

ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ (၁)

( အေးငြိမ်းကျော် - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဝင်တစ်ဦး )
လူသားအားလုံးလိုလို ကျန်းမာချမ်းသာစွာဖြင့် အသက်ရှင် နေထိုင်လိုတတ်ကြသည်။ ပုံမှန် အနေ အထားတွင် သေခြင်းတရားကို စိုးရိမ် ကြောက်ရွံ့လေ့ရှိကြသည်။ တစ်ဖက်တွင်လည်း သေခြင်းတရားကို မလွန်ဆန် နိုင်မှန်း သိနေကြသည်။ ထိုသို့သော အကြပ်အတည်းမှ ရုန်းထွက်သောသဘောဖြင့် သေပြီးနောင် မိမိသည် တစ်မျိုး တစ်ဖုံအားဖြင့် ဆက်လက် ရှင်သန် နေထိုင်ရဦးမည်ဟု ခံယူလိုက်သည်။ စိတ်ထွက်ပေါက် ရှာတွေ့သွားခြင်းဖြစ်သည်။ လက်ရှိဘ၀ထက် သာလွန်ကောင်းမွန်သော နောင်ဘ၀ မျှော်မှန်းချက်များ စိတ်ကူးယဉ်စရာ ရှိလာသလို လက်ရှိ ဘ၀ ထက် နိမ့်ကျသွားမည်ကို စိုးရိမ်စိတ်များ အ၀င်ခံရပြန်ပါသည်။ သို့ဖြင့်ပင် သေပြီးနောင်ဘ၀ မနိမ့်ကျရေးနှင့် ကောင်းစားရေး ကျင့်စဉ်များကို လူသားခေါင်းဆောင်များက ညွှန်ပြဟောပြောလာကြသည်။ ယုံကြည်စွာ လိုက်နာ ကျင့်သုံးသူ နောက်လိုက်နောက်ပါများဖြင့် အုပ်စုဖွဲ့ကြရာမှ ကိုးကွယ်ဆည်းကပ်မှုဆိုင်ရာ ဘာသာရေး ဂိုဏ်းဂဏများ ပေါ်ပေါက်လာခဲ့ကြသည်။
ဂေါတမမြတ်စွာဘုရား မပွင့်ပေါ်သေးမီတွင်ပင် အိန္ဒိယနိုင်ငံအတွင်း၌ ဘာသာရေးဂိုဏ်းကြီး ၆ ဂိုဏ်း ရှိနေနှင့်ပြီ ဖြစ်သည်။ တိတ္ထိဘုရားကြီး ၆ ဆူက ဦးဆောင်ပြီး အယူဝါ’အမျိုးမျိုးကို ကြံဆဟောပြော ညွှန်ပြနေ ကြသည်။ ထိုထို အယူဝါ’အမျိုးမျိုးကို စီစစ်ကြည့်လျှင် ၆၂ မျိုး ကွဲပြားနေသည်ကို တွေ့ရသည်။ ဂေါတမ မြတ်စွာ ဘုရား ပွင့်ထွန်းလာပြီးသောအခါ ထိုအယူဝါ’ ၆၂ ပါးလုံးပင် လွဲမှားသော အယူအမြင်များ ဖြစ်ကြောင်း ညွှန်ပြ ဟောကြားခဲ့သည်။ ထိုအခါတွင် တရားရှာနေကြသော သမဏ၊ ဗြာဟ္မဏများ၊ ပရိဗိုဇ်များက ဂေါတမ ဘုရားရှင်ထံ လာရောက်ပြီး အယူဝါ’ရေးရာမေးခွန်းများ မေးမြန်းကြသည်။ အများဆုံးမေးသောမေးခွန်း ၁၀ မျိုး တွေ့ရှိရသည်။ ယင်းမေးခွန်း ၁၀ မျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ လောကသည် မြဲ၏ ဟူသောအယူ မှန်သလား။
၂။ လောကသည် မမြဲ ဟူသောအယူ မှန်သလား။
၃။ လောကသည် အဆုံးရှိ၏ ဟူသောအယူ မှန်သလား။
၎။ လောကသည် အဆုံးမရှိ ဟူသောအယူ မှန်သလား။
၅။ ထိုအသက်သည် ထိုကိုယ်ပင်ဖြစ်သည် ဟူသောအယူ မှန်သလား။
၆။ အသက်သည်တခြား ကိုယ်သည်တခြား ဟူသောအယူ မှန်သလား။
၇။ သတ္တ၀ါသည် သေပြီးသည်၏နောက်၌ ဖြစ်၏ ဟူသောအယူ မှန်သလား။
၈။ သတ္တ၀ါသည် သေပြီးသည်၏နောက်၌ မဖြစ် ဟူသောအယူ မှန်သလား။
၉။ သတ္တ၀ါသည် သေပြီးသည်၏နောက်၌ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ် ဟူသောအယူ မှန်သလား။
၁၀။ သတ္တ၀ါသည် သေပြီးသည်၏နောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ် ဟူသောအယူ မှန်သလား။
လာရောက်မေးမြန်းသူအားလုံးကိုပင် ထိုကဲ့သို့သောအယူများကို မယူကြောင်း ဂေါတမဘုရားရှင်က ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။ အဘယ့်ကြောင့်မယူသည်ကိုလည်း အကြောင်း များစွာ ပြခဲ့သည်ကိုတွေ့ရသည်။
၁။ အကျိုးစီးပွားနှင့်မစပ်သောကြောင့်လည်းကောင်း၊
၂။ အကျင့်မြတ်၏ အစ မဟုတ်သောကြောင့်လည်းကောင်း၊
၃။ အကျင့်ဆိုးများကို ငြီးငွေ့ရန် မဟုတ်သောကြောင့်လည်းကောင်း၊
၎။ အကျင့်ဆိုးများကို တပ်မက်ခြင်းကင်းရန် မဟုတ်သောကြောင့်လည်းကောင်း၊
၅။ အကျင့်ဆိုးများကို ချုပ်ငြိမ်းစေရန် မဟုတ်သောကြောင့်လည်းကောင်း၊
၆။ အကျင့်ဆိုးများကို ငြိမ်းအေးစေရန် မဟုတ်သောကြောင့်လည်းကောင်း၊
၇။ ထူးသောÓဏ်ဖြင့် သိရန် မဟုတ်သောကြောင့်လည်းကောင်း၊
၈။ ကိုယ်တိုင် ထိုးထွင်းသိရန် မဟုတ်သောကြောင့်လည်းကောင်း၊
၉။ တဏှာမှ ထွက်မြောက်ရန် မဟုတ်သောကြောင့်လည်းကောင်း၊
၁၀။ မိစ္ဆာ’ိဋ္ဌိတည်းဟူသော တောချုံ ဖြစ်သောကြောင့်လည်းကောင်း၊
၁၁။ မိစ္ဆာ’ိဋ္ဌိတည်းဟူသော ခရီးကြမ်း ဖြစ်သောကြောင့်လည်းကောင်း၊
၁၂။ မိစ္ဆာ’ိဋ္ဌိတည်းဟူသော ဆူးငြောင့် ဖြစ်သောကြောင့်လည်းကောင်း၊
၁၃။ မိစ္ဆာ’ိဋ္ဌိတည်းဟူသော တုန်လှုပ်ခြင်း ဖြစ်သောကြောင့်လည်းကောင်း၊
၁၄။ မိစ္ဆာ’ိဋ္ဌိတည်းဟူသော သံယောဇဉ် ဖြစ်သောကြောင့်လည်းကောင်း၊
၁၅။ ဆင်းရဲခြင်းနှင့်တကွ ဖြစ်သောကြောင့်လည်းကောင်း၊
၁၆။ ညှဉ်းဆဲခြင်းနှင့်တကွ ဖြစ်သောကြောင့်လည်းကောင်း၊
၁၇။ ပြင်းပြစွာ ပင်ပန်းခြင်းနှင့်တကွ ဖြစ်သောကြောင့်လည်းကောင်း၊
၁၈။ ပူလောင်ခြင်းနှင့်တကွ ဖြစ်သောကြောင့်လည်းကောင်း၊
ထိုအယူများကို မယူကြောင်း ရှင်းပြခဲ့သည်။
ယနေ့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး အများစုသည် မိမိတို့တရားမရသေးလျှင် သေပြီးနောင် ဆက်ဖြစ်ဦးမည်၊ တရားရပြီးလျှင်မူ သေပြီးနောင် ဆက်မဖြစ်တော့ဟု အခိုင်အမာ ယူထားကြသည်။ နောက်တစ်နည်း အားဖြင့် ဆက်ဖြစ်သောသတ္တ၀ါသည် မိမိလည်းမဟုတ်၊ မိမိနှင့်လည်းအကြောင်းမကင်းဟု နားလည်နေကြသည်။ ဂေါတမဘုရားရှင် ငြင်းပယ်ခဲ့သော အယူမှား အမှတ်စဉ် ၉ နှင့် ၁၀ ကို ယူထားမိရက်သား ဖြစ်နေကြသည်။
ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ကမူ ဘုရားရှင်မယူသော အယူ ၁၀ မျိုးလုံးကို မယူကြပါ။ ဘုရားရှင် အ”ိကထားပြီး ဟောကြားခဲ့သော ဤကားဆင်းရဲတည်း၊ ဤကားဆင်းရဲဖြစ်ပေါ်ကြောင်းတည်း၊ ဤကား ဆင်းရဲချုပ်ရာတည်း၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းတည်း ဟူသော အရိယသစ္စာတရား ၄ ပါးကိုသာ သိမြင် နားလည် လိုက်နာ ကျင့်သုံးပြီးဖြစ်အောင် ကြိုးစားကြသည်။
လူမမွေးမီက ကိစ္စများနှင့် လူသေပြီးနောင်ကိစ္စများသည် လက်ရှိလူကို လူကောင်း (သို့မဟုတ်) လူဆိုး ဖြစ်စေရေးနှင့် မသက်ဆိုင်လှဘဲ လက်ရှိလူ၏ ပစ္စုပ္ပန် ပြောဆို ပြုမူ နေထိုင်မှုများကသာ လူကောင်း (သို့မဟုတ်) လူဆိုး ဖြစ်စေ နိုင်ကြောင်း ထင်ရှားလှသည်။
လူကောင်းလူဆိုး နှစ်မျိုးရှိတာ
ကောင်းရေးဆိုးရေး ကံရှေးမပါ
ခုကံကောင်းမှ လူကောင်းဖြစ်တာ
ခုကံဆိုး လူဆိုးဖြစ်သည်သာ။
ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဝင်တို့သည် အသက်ရှင်နေထိုင်စဉ်ကာလတွင် မိမိအပါအ၀င် လူအများ အကျိုးဖြစ်ထွန်းကြစေရေး၊ လူအများ ချမ်းသာသုခရကြစေရေး၊ လူသားလောကကို အရိယသစ္စ”မ္မဖြင့် အစဉ် စောင့်ရှောက်နိုင်ရေး ဟူသော ရည်စူးချက် ၃ ရပ် ချမှတ် ဆောင်ရွက်ကြသည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို ဦးတည် ဆောင်ရွက်ကြသည်။ အသာစံမှုများ၊ အနာခံမှုများကို ရှောင်ရှားကြပြီး အတ္တနှင့်ပရ အကျိုးတူမျှအောင် ဆောင်ရွက်ကြသည်။
ဘုရားရှင် ဟောကြားခဲ့သော သုတ္တန်ေ’သနာများကို မမွေးမီနှင့် သေပြီးနောင် ကိစ္စများ မပါဝင်ဘဲ လူအသက်ရှင်နေဆဲ ပစ္စုပ္ပန်ကာလဆိုင်ရာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေသော အရိယသစ္စာ’ဿန အမြင် ဖြင့်သာ ဖွင့်ဆို သိမြင်နိုင်အောင် ကြိုးစားကြသည်။
ရှေ့လတွင် တရားထူးနှင့် တရားဦးဖြစ်သော ဓမ္မစက္ကပ၀တ္တန သုတ်တော်ကို ပစ္စုပ္ပန်ကမ္မ၀ါ’ ရှုထောင့်မှနေ၍ ဆက်လက် ဖွင့်ဆို တင်ပြပေးမည်ဖြစ်ပါသည်။ မရှင်းလင်းသည်များကို မေးမြန်းလာပါကလည်း ဖြေဆိုပေးမည် ဖြစ်ပါသည်။ ။

( အယ်ဒီတာ့မှတ်ချက်။ ။ မတ်လထုတ် မန္တလေးဂေဇက်တွင် ဖေါ်ပြပြီး)

No comments: